Focus for Android Listing Copy (my)

Title — 49 characters

Firefox Focus: ကိုယ်ရေးလုံခြုံမှုအလေးပေး ဘရောင်ဇာ

Short Description — 73 characters

သင်ယုံကြည်ရသော Firefox ထံမှ မြန်ဆန်လုံခြုံသည့် သီးသန့် ဘရောင်ဇာကို ရယူပါ။

Description — 1232 characters

မည်သူမျှ စောင့်ကြည့်ခြင်းမရှိသကဲ့သို့ အင်တာနက်ကို အသုံးပြုပါ အသစ်ဖြစ်သော Firefox Focus သည် မြောက်မြားစွာသော အွန်လိုင်း ခြေရာခံကိရိယာများကို အလိုအလျောက် ပိတ်သည် — ဘရောင်ဇာကို ဖွင့်သည့်အချိန်မှ ပိတ်သည့်အချိန်ထိ ခြေရာခံကိရိယာများကို ပိတ်သည်။ မှတ်တမ်း၊ စကားဝှက်များနှင့် ကွတ်ကီးများကို အလွယ်တကူ ရှင်းလင်းပါ။ ထို့အတွက်ကြောင့် မလိုလားအပ်သော ကြော်ငြာကဲ့သို့အရာများ ခြေရာမခံနိုင်တော့ပါ။

ခေတ်ပေါ်ဘရောက်ဇာများရှိ “သီးသန့်ကြည့်ရှုခြင်း” သည် နားလည်လွယ် သို့မဟုတ် အသုံးပြုလွယ် မဟုတ်ပေ။ Focus သည် ကိုယ်ရေးကာကွယ်မှု နောက်ထပ်တစ်ဆင့် ဖြစ်သည်။ အခမဲ့၊ အမြဲတမ်းသင့်ဘက်တွင် ရှိသည် — အဘယ်ကြောင့်ဆိုသော် အကျိုးအမြတ်အတွက်မဟုတ်သော ဝဘ်ရှိ သင့်ရပိုင်ခွင့်အတွက် တိုက်ပွဲဝင်နေသော Mozilla က ပံ့ပိုးပေးထားသောကြောင့် ဖြစ်သည်။

AUTOMATIC PRIVACY
• မည်သည့်အပြင်အဆင်ကိုမျှ သတ်မှတ်စရာမလိုဘဲ မြောက်မြားစွာသော ဝဘ်ခြေရာခံကိရိယာများကို တားဆီးပါ
• သင်၏ဘရောင်ဇာမှ password၊ cookies၊ trackers အစရှိသော မှတ်တမ်းများကို လွယ်ကူစွာဖြတ်နိုင်သည်

BROWSE FASTER
• ခြေရာခံကိရိယာများနှင့် ကြော်ငြာများကို ဖယ်ရှားခြင်းအားဖြင့် ဝဘ်စာမျက်နှာများသည် ပိုမိုမြန်ဆန်နိုင်ပြီး ဒေတာသုံးစွဲမှုနည်းစေနိုင်သည်။

MADE BY MOZILLA
• လူတိုင်းသည် အွန်လိုင်းရှိ သူတို့၏ဘဝများကို ထိန်းချုပ်ခွင့်ရှိသင့်သည်ဟု ကျွန်ုပ်တို့ ယုံကြည်သည်။ ထို့အတွက် ကျွန်ုပ်တို့ တိုက်ပွဲဝင်လာသည်မှာ 1998 ခုနှစ်ကတည်းက ဖြစ်သည်။